WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Thursday, June 30, 2011

Buga de na sa wa ai shiga re

ပြည်တွင်းသတင်းပါ
၂၉ ဇွန်လ ၂၀၁၁

သတင်းတွေမှာ နယ်စပ်စစ်ပြေးအကြောင်းပဲပါနေတာကြောင့် မြစ်ကြီးနားမြို့ တ၀ိုက်ကဒုက္ခသည်အကြောင်းလည်း သက်ဆိုင်သူများအားလုံးသိရှိရန်ပြောပေးစေလိုပါတယ်။
ဓါတ်ပုံတွေကိုတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကြောင့်မဖော်ပြတော့ပါ။

စစ်ဘေးဒုက္ခသည် ၁၀၀၀ အထက် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့တွင်နေ့စဉ်ရက်ဆက်တိုးလာခြင်း။
မြစ်ကြီးနား တွင် တပ်ကုန်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ၁၅၀ ကျော် နှင့် ဇီးလွန်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ၁၆၀ ကျော်၊ ၀ိုင်းမော်ရိုမန်ကတ်သလစ်နှင့် နှစ်ခြင်းဘုရားကျောင်းတွင် ၅၀၀ ကျော် ၆၀၀ နီးပါး ရောက်နေသည်။ ထိုစရင်းတွင် ၁နှစ်အောက်ကလေး နှင့် ၅ နှစ်အောက်ကလေး အပါအ၀င် ကလေးက ၃ ပုံ ၂ပုံဖြစ်နေပြီး အမျိုးသမီးများက အမျိုးသားများထက်ပိုများနေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဟာနောက်လမွေးရမဲ့သူများပါ ပါဝင်နေပါတယ်။



သူတို့အများစုက မြစ်ကြီးနား လိုင်ဇာ ကားလမ်းပေါ်ကျေး၇ွားများ ဖြစ်တဲ့ နန်ဆမ်ယန်၊ ၈ါးရာယန်၊ ဂျာပူ၊ဆမား စတဲ့ဒေသကသူတွေပိုများပါတယ်။

စစ်ပြေးဒုက္ခသည်များဟာ သူတို့ပိုင်ဆိုင်သမျှကို ပစ်ထားခဲ့ရတာဖြစ်ပါတယ်…ကျွဲနွား တွေလွတ်ခဲ့ရတယ်၊ အိမ်မွေးဝက်တွေခြံဖြုတ်၊ကြိုးဖြုတ်ထားခဲ့ရတယ်၊ သူတို့ပို စပါးကြီကြီးတွေလည်း ဒီအတိုင်း ထားခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့ပြောဆိုနေကြတာကတော့ “ပြည်သူတွေအတွက်ကောင်းမွန်တဲ့ အဖြေတခုခုထွက်လာနိုင်ရင်တော့ အခုလို ကျမတို့ရဲ့ဆုံးရှုံးမှူတွေကို မနှမြောပါဘူး… တသက်လုံး ဒီလိုမတရားမှူတွေခံနေရမဲ့အစား ပြသနာပြေလည်အောင် ဖြေရှင်းချိန်လေးတော့ကျမတို့တောင့်ခံနိုင်ရည်မွေးရမှာပါ”…လို့ ဒုက္ခသည်ဦးဆောင်သူကပြောပါတယ်။

မိခင်တယောက်က…ကျမတို့ ခုအခြေအနေဟာ ရေရှည်ဖြစ်လာမလား၊ ဘယ်နှလကြာလာနိုင်မလည်း ဆိုတာလည်း မသိနိုင်ဘူး…ကျမတို့ ဒီမှာ ကျပ်ကျပ်ထုတ်ထုတ်နဲ့ ဘယ်လောက်နေရ အုံးမလည်း ရေရှည်မှာတော့ ဘုရားကျောင်းများမှလည်းအသင်းသားတွေကိုလည်းအားနာစရာဖြစ်လာမယ်။ အသင်းသားတွေလည်း အများစုက ဆင်းရဲသားကပိုများတော့ ရေရှည်အတွက်စိတ်ပူရတယ်။

နောက်တယောက်က…ကျမတို့က အခုအချိန်မှာ စစ်ပြေးနေရတော့ လယ်မလုပ်နိုင်၊တောင်ယာမလုပ်ထားနိုင်တော့ စစ်တိုက်နေကြတာ အခုချိန်ပြီးသွားရင်တောင်…နောက်နှစ်စားဖို့စပါးကြီဟာလာဟင်းလင်းဖြစ်နေမှာကိုစိုးရိမ်နေပါတယ်။


နေ့စဉ်ရောက်ရှိလာဖို့ ဒုက္ခသည်တွေလည် အခြားဘုရားကျောင်းများတွင် လည်း ခိုလုံခွင့် ရရန် အသင်းတော်ခေါင်းဆောင်များနှင့် တိုင်ပင်နေကြကြောင်း၊ အသင်းတော်တွင်း ခိုလုံခွင့်တောင်းဆိုတာဟာ နေဖို့စားဖို့ အခြားဆေးဝါး များပါ စတဲ့ အစစ အရာရာကို အသင်းတော်မှ တာဝန်ယူပေးစေလိုခြင်းဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှလည်း စစ်ဘေးဒုက္ဒသည်ကူညီရေးကော်မတီဖွဲ့စည်းပြီး ဘုရားကျောင်းများတွင် အလှုငွေထည့်ဝင်ရန်ကြေငြာနေကြပါတယ်။

ဒေသခံ NGO နဲ့ INGO တွေကတော့ ခုထိ စစ်ဘေးဒုက္ခသည် ကူညီရေးနဲ့ပတ်သက်ပြီး ဘာမှအကောင်အထည်မဖော်ကြသေးပါ။

လွန်ခဲ့တဲ့ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းတုန်းကတော့ ကချင်လူမှုအဖွဲ့အစည်းမျာနဲ့ လူငယ်တွေဟာ နာဂစ်ဆိုင်ကလုန်းဖြစ်တဲ့ဒေသသို့သွားပြီး အင်တိုက်အားတိုက် လူအကူအညီ ငွေကြေးအပါအ၀င် အခြားကူညီပစ္စည်းများဖြင့်ကူညီ နိုင်ခဲ့ပေမဲ့ အခု မိမိတို့ရဲ့ပြည်နယ်အရေး မိမိတို့ရဲ့လူမျိုးရေးမှာတော့ မိမိတို့ကိုယ်တိုင် ထိထိရောက်ရောက်မရပ်တည်နိုင်ခြင်းအပေါ်(ကူလည်းအခက်၊မကူလည်းအခက် အာဏာပိုင်ကြောက်စိတ်ကြောင့်) အားမလို အားမရဖြစ်နေကြပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးတွေလည်း ဒုက္ခသည်ရှိရာနေရာအချို့မှာ ၂ရက်၃ရက်စာ (ဆန်အိတ် ၈အိတ် ၉အိတ်)တော့လာပေးဖေါ်ရှိလာတယ်။ မိမိလက်လမ်းမှီတဲ့နေရာလောက်မှာတော့ ဘယ်သူ့မျက်နှာမှမထောက်ပဲပြည်သူ့အရေးကို မှားမှားမှတ်မှတ်ရပ်တည်ဖို့ဆက်ပြီးအားမွေးကြစေချင်ပါတယ်။

ကချင်တိုင်းရင်းသူ

No comments:

Post a Comment