Showing posts with label Interview. Show all posts
Showing posts with label Interview. Show all posts
Tuesday, August 30, 2011
Daw Bawk Ja hte Myanmar Times San Htai
ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး
၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုယ်စားပြု၍ ဖားကန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ အပြီးတွင် အနိုင်ရကိုယ်စားလှယ် ဦးအုန်းမြင့်ကို မဲမသမာမှုနှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခဲ့သူ ဒေါ်ဘောက်ဂျာအား မြန်မာတိုင်း(မ်)မှ နိုင်ငံရေးသတင်းထောက်ချုပ် ရွှေယင်းမာဦး က ရန်ကုန်မြို့တွင် တွေ့ဆုံမေးမြန်းထားသည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)
* ဦးအုန်းမြင့်ကို စွဲထားတဲ့အမှုကို ဘယ်လိုပြန်ရုပ်သိမ်းဖြစ်တယ်ဆို တာက စပြောပြပေးပါ။
နောက်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ရင်ဆိုင်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပြီး သူ့(ဦးအုန်းမြင့်)ကိုလည်း ကျွန်မတို့ကချင်ပြည်နယ် ကနေပြီး ၀န်ကြီးတစ်ယောက် ပေါ်ထွက်လာတဲ့အတွက် ၀မ်းသာတဲ့ အကြောင်းပေါ့၊ ပြီးတော့ နိုင်ငံရဲ့ကြီးလေးတဲ့ တာဝန်ကို ယူထားတဲ့ အတွက် လေးစားပါတယ်ပေါ့။ ကျွန်မတို့တိုင်းရင်းသားကိစ္စ၊ ဒေသကိစ္စ၊ တောင်သူကိစ္စတွေကို အများကြီး ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် လို့ အဲဒါကြောင့် ဒီအမှုကို ဆက်ပြီးမစွဲတော့ပါဘူး။ ကျွန်မကတော့ ဆရာ့ကို လူပုဂ္ဂိုလ်အရ မကျေနပ်လို့လုပ်တဲ့ အလုပ်မဟုတ်ဘူး။ ဖြစ်နေတာကို ဖော်ထုတ်ချင်လို့ အခုလိုလုပ်တာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဆရာ့ကိုလေးစားတဲ့အနေနဲ့ ကျွန်မဒီအမှုကို ဆက်ပြီးမစွဲ တော့ပါဘူး လို့ပြောလိုက်တော့ သူလည်း တကယ်ကို ဒီလို အောက်ခြေက ကိစ္စတွေကို ကူညီဖို့ သမ၀ါယမ၀န်ကြီး နေရာကိုယူထားတာ ဖြစ်တယ် ပေါ့။ တောင်သူတွေကိစ္စကိုလည်း လုပ်ပေးဖို့ ကတိပေးတယ်ဆိုပြီးတော့ ပြောပါတယ်။
Tuesday, June 28, 2011
sim sa shangun mayu sai! Jinghpaw Mung daw buga masha ni hte San Htai
‘အားလုံး အေးအေးချမ်းချမ်း ဖြစ်စေချင်ပါပြီ’၊ ကချင်ပြည်နယ်မှ ဒေသခံအချို့နှင့် တွေ့ဆုံခြင်း
Monday, 27 June 2011 09:47
သစ်ပင်သစ်တော စိမ်းစိမ်းစိုစိုရှိတဲ့မြေ၊ ဧရာဝတီမြစ်ဆုံရှိတဲ့မြေ၊ သဘာဝသယံဇာတတွေနဲ့
ထင်ရှားတဲ့မြေလို့ ဆိုလိုက်ရင် ကချင်ပြည်နယ်ကိုပဲ အားလုံးက မြင်မိကြမှာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားတွေ အဓိကနေထိုင်ပြီး ရှမ်း၊ လီဆူး၊ ရ၀မ်၊ ဗမာ စတဲ့တိုင်းရင်းသားတွေ စုစည်းနေထိုင်ကြတဲ့ ဒေသလည်းဖြစ်ပါတယ်။ မငြိမ်းချမ်းတဲ့ အချိန်ကာလ တစ်ခုကိုလည်း ဖြတ်ကျော်ခဲ့ကြဖူးတဲ့ ဒေသခံတွေဟာ အခုတော့ နယ်မြေအခြေအနေ မငြိမ်သက်မှုကို ကြုံလာရပါပြီ။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ တပ်မတော်နဲ့ KIA အဖွဲ့တို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ပါတယ်။ ဇွန်လကုန်ပိုင်း ရောက်တဲ့အထိ ကာလတစ်ခုကို ဖြတ်သန်းလာခဲ့ကြတဲ့ အနေအထား၊ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒေသခံတချို့နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။
အစိုးရ၀န်ထမ်းတစ်ဦး (အသက် ၃၇ နှစ်) ၊ ဗန်းမော်မြို့နယ်
ဖြေ - စဖြစ်တာတော့ ၉ ရက်နေ့ ညပိုင်းထင်တယ်။ အသံတွေတော့ ကြားရလို့မဟုတ်ဘူး။ လူနာတွေမြို့ ပေါ်ရောက်လာလို့သိတာ။ သွေးလိုလို့တောင် သွေးရှာတယ်လို့ကြားတယ်။ နောက်ပိုင်းတော့ ဖြစ်နေတာ ကိုသိနေရတာပေါ့။ မိုင်းကွဲတာ၊ တံတားပျက်တာကြားရတယ်။ လွယ်ဂျယ်၊ လိုင်ဇာဘက်တော့ သုံး၊ လေးရက်နေလောက်မှာ သွားလို့မရတော့ဘူး။

မေး - စဖြစ်တုန်းက အခြေအနေကို အရင်ဆုံးပြောပြပေးပါလား။
ဖြေ - စဖြစ်တာတော့ ၉ ရက်နေ့ ညပိုင်းထင်တယ်။ အသံတွေတော့ ကြားရလို့မဟုတ်ဘူး။ လူနာတွေမြို့ ပေါ်ရောက်လာလို့သိတာ။ သွေးလိုလို့တောင် သွေးရှာတယ်လို့ကြားတယ်။ နောက်ပိုင်းတော့ ဖြစ်နေတာ ကိုသိနေရတာပေါ့။ မိုင်းကွဲတာ၊ တံတားပျက်တာကြားရတယ်။ လွယ်ဂျယ်၊ လိုင်ဇာဘက်တော့ သုံး၊ လေးရက်နေလောက်မှာ သွားလို့မရတော့ဘူး။
Subscribe to:
Posts (Atom)