WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Friday, June 24, 2011

Tara shang tang shawn yang she simsa lam la na re lam KIA tsun

 တရားဝင်ကမ်းလှမ်းမှ အပစ်ရပ်မည်ဟု KIA ပြော

ရန်ပိုင် Thursday, 23 June 2011 18:45

အစိုးရထံမှ တရားဝင်ကမ်းလှမ်းချက် ရရှိမှသာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးတွင် အစိုးရအဖွဲ့ထံမှ တရားဝင်ကမ်းလှမ်းချက်ကိုသာ လိုလားကြောင်း၊ ပြင်ပအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ထံမှ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုမျိုးကိုမူလက်မခံနိုင်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

KIA_Officers_Tensions
စစ်ရေး လေ့ကျင့်နေသည့် KIA အရာရှိလောင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ - news.bbc.co.uk)
“အပစ်အခတ်ရပ်စဲဖို့ အသင့်ပါ၊ တကယ်အပစ်ရပ်ကြောင်းကို အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် ဒါမဟုတ် စစ်ဘက် ဆိုင်ရာ အရာရှိတဦးက အာမခံချက်ပေးရမယ်”ဟု ၎င်းက ဆိုသည်။

အစိုးရတပ်များအနေဖြင့် လက်ရှိ နှစ်ဘက်ရင်ဆိုင်ထားသည့် ရှေ့တန်းစခန်းများတွင် အပစ်အခတ်ရပ်စဲထားသည့်ဟု ပြောဆိုမှုများ ရှိနေသော်လည်း တရားဝင်ပြုလုပ်ခြင်းမဟုတ်ကြောင်း ဦးလနန်က ပြောသည်။

နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေစဉ်က မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော် က အပစ်အခတ်ရပ်စဲရန် ကချင် အတိုင်ပင်ခံကောင်စီ ကို စေလွှတ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

KIA အဖွဲ့သည် အနေဖြင့် ၁၉၉၄ခုနှစ်က အစိုးရနှင့် တရားဝင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း အစိုးရတပ်များက ကတိ ဖောက်ဖျက်ကာ KIA တပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ အများအပြားရှိခဲ့ကြောင်း၊ ထို့ကြောင့် နောင်တွင်ထိုသို့မဖြစ် ရန်အတွက် တရားဝင် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးလနန်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွန်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို အစိုးရတပ်က ဖယ်ရှားရန် ကြိုးစားရာမှ အစိုးရတပ်နှင့် KIAတပ်များ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

အစိုးရ တပ် အနေဖြင့် နိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းအား ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြစ်ပြီး ဖိနှိပ် တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၈ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယနေ့တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခြင်း မရှိတော့ဘဲ ပူတာအိုဒေသတွင်သာ တိုက်ပွဲငယ် ဖြစ်ပွားသည်ဟု ဦးလနန်က ပြောသည်။

ယင်းတိုက်ပွဲများကြောင့် ကချင်ဒေသခံ ပြည်သူ တသောင်းကျော် အိုးအိမ်စွန့်ခွာ၍ တရုတ်နိုင်ငံဘက် အပါအ၀င် တခြားဒေသများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။

တရုတ်ပြည်ဘက်သို့ ထွက်ပြေးသည့် ဒုက္ခသည်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း၊ နေထိုင်မှု ခက်ခဲခြင်းများ၊ စား နပ်ရိက္ခာ အခက်အခဲများ၊ ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကြောင့် မြန်မာနိုင်ငံဘက် မိုင်ဂျာယန် ဒေသ သို့ ပြန်လည်ဝင်ရောက်မှုများ ရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ကူညီနေသည့် ကချင်အမျိုးသမီး မိုင်းဂျာ က ပြောသည်။

Source : http://www.irrawaddy.org/bur/index.php/news/6678---kia-

No comments:

Post a Comment