WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Saturday, June 25, 2011

Majan tsin yam hkrum masha ni hpe garum na matu Jinghpaw Wunpawng Myusha ni n'gun madun

စစ်ပြေးဒုက္ခသည်များကို ကူညီရန် ကချင်များ ဆန္ဒပြ

ကိုပေါက် | သောကြာနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၅ မိနစ် 

နယူးဒေလီ (မဇ္ဈိမ) ။     ။ ကချင်ပြည်နယ်တွင် အစိုးရ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည်များကို
 နိုင်ငံတကာ အကူအညီပေးရန် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ကချင်ဒုက္ခသည်များက သောကြာနေ့တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

မနက် ၁၁ နာရီမှ နေ့လည် ၁ နာရီထိ မြို့လယ် ဂျန်တားမန်တားအရပ်၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ၌ ကချင်များအပြင် ချင်း၊ ရခိုင်နှင့် ဗမာဒုက္ခသည်များလည်း ပါဝင်ရာ အင်အား ၁၂ဝ ကျော် ရှိသည်။


k2s
စစ်ပြေးဒုက္ခသည်များကို နိုင်ငံတကာ အကူအညီပေးရန် နယူးဒေလီရှိ ကချင်ဒုက္ခသည်များက တောင်းဆို ဆန္ဒပြ ...
“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကိစ္စ ဖမ်းဆီးမှု၊ မုဒိမ်းကျင့်မှုတွေ ရပ်သွားဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကချင် စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထားပါတယ်” ဟု နယူးဒေလီမြို့အခြေစိုက် ကချင်ဒုက္ခသည်ကော်မတီ KRC မှ ကိုဇော်ရော်က မဇ္ဈိမကို ပြောသည်။

တောင်းဆိုချက် ၆ ချက်မှာ ဖမ်းဆီးနှိပ်စက် မုဒိမ်းကျင့်မှုများ ရပ်တန့်ရန်၊ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန်၊ စစ်တပ်ကျောထောက်နောက်ခံ အစိုးရကို နိုင်ငံတကာ အသိအမှတ်မပြုရန်၊ တိုင်းရင်းသား ဒေသများ အပေါ် နှိပ်စက်ညှဉ်းပန်းမှုများ ရပ်တန့်ရန်၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန်နှင့်
 ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေကြရသည့် စစ်ပြေးဒုက္ခသည်များကို နိုင်ငံတကာ ကူညီရန်တို့ ဖြစ်သည်။ အဆိုပါ  တောင်းဆိုချက် ၆ ချက်ပါ စာချွန်လွှာအား ဆန္ဒပြသူများက အိန္ဒိယဆိုင်ရာ မြန်မာအစိုးရ သံရုံးသို့ ပေးပို့သွားမည်ဖြစ်သည်။



ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး၏ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁ဝ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ကချင်ပြည်နယ်တွင် အစိုးရတပ်များ ထိုးစစ်ဆင်ရာ လမ်းကြောင်းတလျှောက်၌ ကချင်အမျိုးသမီး ၁၈ ဦး အဓမ္မပြုကျင့်ခံရပြီး ထိုအထဲမှ ၄ ဦး အသတ်ခံခဲ့ရကြောင်း ဖော်ပြပါရှိသည်။

ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား ဆက်ဖြစ်နေသည့် စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁၃ဝဝဝ ကျော်မှာ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့သို့ ခိုလှုံရောက်ရှိနေသည်။

အိန္ဒိယဘက်သို့လည်း ဒုက္ခသည်များ ထွက်ပြေးရောက်ရှိလာနိုင်ကြောင်း KRC က ခန့်မှန်းသည်။ နယူးဒေလီတွင် ကချင်ဒုက္ခသည် ၄ဝ ကျော် ရှိသည်။

အိန္ဒိယသာမက ဗြိတိန်၊ ဒိန်းမတ်နှင့် နော်ဝေအပြင် ကမ္ဘာ့နိုင်ငံအချို့ရောက် ကချင်အမျိုးသားများလည်း တပြိုင်တည်း ဆန္ဒပြနေကြောင်း သိရသည်။

http://www.mizzimaburmese.com/news/regional/7806-2011-06-24-08-28-24.html

No comments:

Post a Comment