WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Saturday, June 25, 2011

Mandalay hte Naypyidaw kaw bawm kapaw sai

 မန္တလေးနှင့် နေပြည်တော် ဗုံးများကွဲ 


ချင်းမိုင် (မဇ္ဈိမ) ။      ။ မန္တလေးမြို့ ဈေးချိုဟိုတယ်ရှေ့တွင် သောကြာနေ့ နေ့လည်က ကားဗုံးပေါက်ကွဲမှု
 ဖြစ်ပွားရာ အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားသည်။

ဈေးချိုဈေးအနီး ၈၂ လမ်းနှင့် ၈၄ လမ်းထောင့်တွင် ရပ်ထားသော ပါဂျယ်ရိုကား ၃ခ/ ၁၉ဝ၄ မှ ပေါက်ကွဲခြင်း ဖြစ်ပြီး အနီးနားရှိ ယာဉ်ထိန်းရဲတဦး ဒဏ်ရာရသွားသည်။

“ ကားကတော့ လုံးဝ စုတ်ပြတ်သွားတယ်။ ဗုံးက တော်တော်ပြင်းတဲ့ ဗုံးပဲ ” ဟု မန္တလေး မီးသတ်အရာရှိ တဦးက ပြောသည်။

မီးလောင်မှုဟု ထင်၍ သွားရောက်သော မီးသတ်သမားများကို စစ်ဘက်က “ မင်းတို့အလုပ်မဟုတ်ဘူး ” ဟု ဆိုကာ မောင်းထုတ်ခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ အန်တီတို့ကလည်း မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ အခု ဗုံးပေါက်တာက ၂၈ လမ်းနဲ့ ၈၄ ထောင့် ဆိုတော့ အန်တီတို့နဲ့ ကြားထဲမှာ နှစ်ပြပဲ ဝေးတာပဲ။ အသံတော့ ကြားလိုက်ရတယ်။ မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ မိုးကြိုးပစ်တယ်ထင်ပြီး ဒီအတိုင်းနေတာကို အရပ်ထဲက အဲဒါ မိုးကြိုးပစ်တာ မဟုတ်ဘူး။ ဗုံးကွဲတာ ပြောမှ သိရတာ။ ” ဟု မန္တလေးမြို့ခံ အမျိုးသမီးတဦး မဇ္ဈိမကို ပြောသည်။

အခြားမြို့ခံတဦးက လူနှစ်ဦးကို လူနာတင်ကားဖြင့် တင်ဆောင်သွားသည်ကို တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။

အလားတူပင် နေပြည်တော်တွင်လည်း မွန်းလွဲ ၁၂ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားသည်။

သပြေကုန်း ရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင် ပြင်းထန်သော ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။ အသေအပျောက် ရှိ မရှိကို မသိရသေးပေ။

ပြီးခဲ့သည့်  ဇွန်လ ၁ဝ ရက်နေ့  ကလည်း နေပြည်တော် မြို့မဈေး အမျိုးသား အိမ်သာတွင်းတွင် ဗုံးပေါက်ကွဲမှု
 ဖြစ်ပွါးရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

Source : http://www.mizzimaburmese.com/news/inside-burma/7804-2011-06-24-07-11-17.html

No comments:

Post a Comment