To/- June 22
2011
VOA Burmese Program
ကျွန်တော်တို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နဲ့ ၀ါးရှောင်ကျေးရွာကြားမှာ ရှိတဲ့ ၀ူယန်ကေးရွာနေ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က နှစ်တိုင်း နွေစပါးစိုက်ခင်းလုပ်ပြီး ရွာသားတွေကို အတင်းကောက်စိုက်ခိုင်း၊ ခြံကာခိုင်းပြီး ရွာသားတွေရဲ့ ကျွဲနွားတွေကိုလည်း ပစ်သတ်စားသုံးခြင်းများ ပြုလုပ်နေတာ ခုနှစ် နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နွေစပါး စိုက်ခင်း လာလုပ်တဲ့ အချိန်ကစပြီါ် ကျွန်တော်တို့ ရွာမှာ စားဝတ်နေရေး မပြေလည်မှုတွေ အများကြီးပေါ်ပေါက်လာတာ ကြုံတွေ့ရပါတယ်။ အကြောင်းရင်းက သူတို့ရဲ့ နွေစပါးဟာ ဇွန်လလယ်လောက်မှ စတင်ရင့်မှဲ့လာပြီး လကုန်ပိုင်းမှ ရိတ်သိမ်းပြီး စမြဲဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်က မိုးစပါးဟာ မေလကုန်ပိုင်းမှ စတင်ထွန်ယက် စိုက်ပျိုးနိုင်မှ စပါးအထွက်ကောင်းတဲ့ ရာသီဥတု ဖြစ်ပါတယ်။
အခုတော့ နှစ်စဉ် ထွန်ယက်စိုက်ပျိုးချိန် နောက်ကျနေရလို့ စပါးအထွက်နှုန်း မကောင်းသည့်အပြင်၊ အချို့လယ်သမားများဟာ စားစရိတ်အခက်အခဲကြောင့် သူတို့ ပိုင်လယ်မြေတွေကို မထွန်ယက်နိုင်တော့ဘဲ နေ့စားအလုပ်များ လုပ်ပြီး ဘ၀ကို ရုန်းကန်နေကြရပါတယ်။
ယခုနှစ်မှာလည်း လယ်သမားတွေဟာ ထွန်ယက်မှုအတွက် စိတ်ညစ်နေရပါတယ်။ VOA မှတဆင့် သက်ဆိုင်ရာ အထက်လူကြီးများ သိရှိရန်နဲ့ ပြည်သူများထံ ရင်ဖွင့်ပေးပါရန် သတင်းပေးပို့အပ်ပါတယ်။
မှ - ၀ူယန်သား နော်မွတ်
No comments:
Post a Comment