၂၀၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်က လုံးခင်း - ဖားကန့် ရတနာနယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ရာ၌ လုပ်ကွက် အရေအတွက်ကို စနစ်တကျ လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သြဂုတ်လ ၂၅ ရက်နေ့က ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခက်ထိန်နန် တင်သွင်းထား သည့် ‘ကချင်ပြည်နယ် ဖားကန့်မြို့ နယ်တွင် ကျောက်စိမ်း၊ ကျောက် မျက်များကို ထိန်းသိမ်း၍ ရေရှည်စ နစ်တကျ တူးဖော်ထုတ်လုပ်ရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း’ အဆိုနှင့်စပ်လျဉ်း၍ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်က ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လုံးခင်း-ဖားကန့် ရတနာနယ်မြေအတွင်း ကျောက်စိမ်းတူးဖော် ထုတ်လုပ်ရန် လက်ရှိခွင့်ပြုထားသည့် ပုဂ္ဂလိက၊ သမ၀ါယမ၊ နိုင်ငံ သားကုမ္ပဏီ စုစုပေါင်း ၄၁၅ ခု၊ လုပ်ကွက်ပေါင်း ၇၅၃၅ တို့မှ သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်များတွင် အဘက်ဘက်မှ စဉ်းစား၍သက်တမ်းတိုးခွင့်မပြုတော့ဘဲ လုပ်ကွက် အရေအတွက်ကို လျှော့ချသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ကွက် လျှော့ချခြင်းဖြင့် ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။
ယင်း ရတနာနယ်မြေအတွင်း ခေတ်မီနိုင်ငံစုံမှ ထုတ်လုပ်သည့် မြေတူးစက် ၂၄၇၄ စီး၊ မြေထိုးစက် ၃၇ စီး၊ မြေသည်ယာဉ် ၅၃၄၇ စီးတို့ဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း၊ မြေတူးစက်များ၏ စွမ်းရည်မှာ မြေသားတစ်ကော်တွင် တူးဖော်နိုင်သည့် မြေကျင်း ၁ ဒသမ ၂၆ မှ ၂ ဒသမ ၁၁ ကျင်းထိရှိပြီး မြေသည်ယာဉ်များ၏ စွမ်းရည်မှာ ယာဉ်တစ်စီးလျှင် မြေကျင်း ၄ ဒသမ ၅၀မှ ၁၂ ဒသမ ၉ ကျင်းထိ သယ်ယူနိုင်သည့် အကြီးစားမြေတူးစက်နှင့် မြေသည် ယာဉ်များဖြင့် လုပ်ငန်းဆောင်ရွက် နေကြောင်း၊ အဆိုပါစက်ယန္တရား များ၏ အရေအတွက်နှင့် စွမ်းရည် များကိုလည်း ကန့်သတ်လျှော့ချ သွားရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Source : Eleven Media Group
http://www.yatanarpon.net/eleven-media-group/
No comments:
Post a Comment