WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Thursday, September 1, 2011

ကချင်-မြန်မာ ဇာတ်ကားများအား ပထမဆုံးအကြိမ် အဖြစ် တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ချိမည်


ကချင်နှင့်မြန်မာ သရုပ်ဆောင်များ ပူးတွဲ ရိုက်ကူးထားသည့် ကချင်- မြန်မာ ဒီဗီဒီဇာတ်ကားများကို ပထမ ဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဟု သိရှိရပါသည်။

ယင်းဇာတ်ကားများကို ယခင်က ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း ဒေသများတွင်သာ ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ချိသည့် ကချင်-မြန်မာ ဇာတ်ကားများအနက် အသည်းကွဲဝိညာဉ်’  ဇာတ်ကားကို  Lucky Boss ထုတ် လုပ်ရေးမှ စတင်ဖြန့်ချိမည်ဖြစ်သည်။

 “ကချင်-မြန်မာ ဇာတ်ကားတွေ ကိုအခုမှ ကျွန်တော်တို့တိုက်ကစပြီး ဖြန့်ချိတာပါ။ ပထမဆုံးအကြိမ် ဖြန့်ချိတာဖြစ်လို့ ဈေးကွက်အနေအထား ကတော့ ဘယ်လိုအခြေအနေ ဖြစ်မလဲ မှန်းလို့မရသေးပါဘူး။ ကချင်-မြန်မာ ဇာတ်ကားတွေကတော့ ပရီစနစ်နဲ့ ဖြန့်ဖို့ လုပ်ထားတဲ့အတွက် နည်းနည်းတော့ အခက်အခဲရှိပါတယ်။ ဒါပေမယ့်လည်း ၀ယ်ကြမယ့်သူတွေ ရှိပါတယ်ဟု Lucky Boss ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ဦးသိန်းဇော် က ဆိုပါသည်။


အသည်းကွဲဝိညာဉ်ကချင်-မြန်မာ ဒီဗီဒီဇာတ်ကားသည် အချစ်၊ ဟာသတို့ ပေါင်းစပ်ထားသည့် ဇာတ်လမ်းဖြစ်ပြီး ကချင်စကားပြောနှင့် ရှမ်းစကားပြော ဇာတ်ဝင်ခန်းများ ပါဝင်မည်ဖြစ်ပြီး ယင်းဇာတ်ဝင်ခန်းများ တွင် မြန်မာစာတန်းထိုး ပြသသွားမည် ဖြစ်သည်။

ဒါရိုက်တာထူးသာ ရိုက်ကူးသည့် အသည်းကွဲဝိညာဉ်ဇာတ်ကားတွင် J-Z ဒေါင်လွဏ်း၊ စိုင်းလိတ်၊ နန်းဆုရတီစိုး၊ အောန်ဆိုင်း၊ ကင်းကောင်၊ ခင်လှိုင်တို့နှင့်အတူ ဦးသာကော၊ ဏမ်ဆူဇော်လီ၊ စိုင်းကျော်ဟန်စသည့် ကချင်သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

ယင်းဇာတ်ကားကို၂၀၁၁ ခုနှစ်၊ စက်တင်ဘာလဆန်းတွင် စတင်ဖြန့် ချိမည်ဖြစ်ပြီးအစ်ကိုကြီးဆိုသည်မှာပင်လယ်နတ်သမီးစသည့် ကချင်-မြန်မာကားများကို ဆက်လက်ဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိရသည်။

Source : Eleven Media Group

2 comments:

  1. အဲ.ဒီ.ကားထဲကသီချင်းလေးဘယ်လိုရှာရမလဲ ရှာနေတာလုံးဝမတွေ.လို.ပါ

    ReplyDelete
  2. ကချင်ဆိုတာ ဘာလဲ ဂျိန်းဖောတွေကိုပဲပြောတာလား? လူမျိုးစုခြောက် မျိုးပါမှာလား၊ ဂျိန်းဖောသာပါမှာလား?

    ReplyDelete