Monday, September 12, 2011
ကချင်ပြည်နယ်၌ ကျောက်စိမ်း၊ ရွှေသတ္တု ရှာဖွေတူး ဖော်ရေး လုပ်ကွက်သစ်များ ချထားပေးခြင်းကို ရပ်ဆိုင်း
ကချင်ပြည်နယ် အတွင်း၌ ကျောက်စိမ်း၊ ရွှေသတ္တုရှာဖွေ တူးဖော်ရေး လုပ်ကွက်သစ်များ ချထားပေးခြင်းကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။
ကချင်ပြည်နယ်တွင် အဓိက ထွက်ရှိသော သယံဇာတများမှာ ရွှေ နှင့် ကျောက်စိမ်းတို့ဖြစ်ကာ ကျောက်စိမ်းတူးဖော်ခြင်းကို လုံးခင်း-ဖားကန့်ဒေသ၊ ရွှေတူးဖော်ခြင်းကို ပူတာအိုမြို့နယ်၊ တနိုင်းမြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် မန်စီ၊ ရွှေကူမြို့ နယ်များ၊ မိုးညှင်း၊ ဒေါ့ဖုန်းယန် မြို့နယ်၊ မြစ်ဆုံဒေသ စသည်တို့၌ လုပ်ကိုင်လျက် ရှိကြသည်ဟု သိရ သည်။
“အဓိကကတော့ နယ်မြေ အခြေအနေ မငြိမ်သက်မှုကြောင့်လို့ သိရပါတယ်။ ဒီနှစ် ထပ်မချပေးတော့ ပါဘူး”ဟု ကချင်ပြည်နယ် တွင်း ရွှေသတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။
ကျောက်စိမ်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများအတွက် လုပ်ကွက်သစ်များ ချထားပေးခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရပ်ဆိုင်းထားကာ ယခင် လုပ်ကိုင်ခွင့်ပြုထားခဲ့သော လုပ်ကွက်များသာ လုပ်ကိုင် လျက်ရှိကြကြောင်း သိရှိရသည်။
“လက်ရှိလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေမှာလည်း နယ်မြေ အခြေအနေ မငြိမ်သက်တော့ လုပ်ငန်းပိုင်း မှာ အခက်အခဲတွေ ကြုံရတာရှိပါတယ်။ တံတားကျိုးတာတွေကြောင့် စားသောက်ကုန် မရောက်တာတွေ ကြုံရတယ်။ လုပ်သားရှာရတာလည်း ခက်ခဲလာတယ်။ မိုးရေချိန်များလို့ လမ်းပေါက်၊ တံတားကျိုး၊ တဲတွေ နစ်တာတွေလည်းကြုံခဲ့ရတယ်။ မိုးတွင်းကာလတွေမှာ မျောရွှေက လုပ်လို့မရဘူး။ နားထားရသလောက်ပဲ။ ပွင့်လင်းရာသီမှာ လုပ်ရမယ်ဆိုတာကလည်း နယ်မြေ အနေအထားအရ ဘယ်အချိန် စရမှန်း မသိသေးဘူး” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
နိုင်ငံတစ်ဝန်း ကျောက်မျက် ရတနာလုပ်ကွက်များကို ဖော်ထုတ် လုပ်ကွက် ၁၅၂၆၆ ကွက်၊ သတ် မှတ်လုပ်ကွက် ၅၀၃၀၊ လစ်လပ် လုပ်ကွက် ၁၇၂၇ ကွက်၊ အကျိုးတူ လုပ်ကွက် ၂၂၁ ကွက် စုစုပေါင်း ၂၂၂၄၄ ကွက် ချမှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောက်မျက် ရတနာ လုပ်ကွက်များကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် လုပ် ကိုင်လျက်ရှိသည်။ ကချင်ပြည်နယ် လုံးခင်း-ဖားကန့် နယ်မြေတွင် ကျောက်စိမ်း လုပ်ကွက်ပေါင်း ၇၅၃၅ ကွက် တည်ရှိနေသည်။
ကချင်ပြည်နယ်သည် မြစ်ဆုံ ဒေသအပါအ၀င် သယံဇာတထွက်ရှိရာ ဒေသများ၌ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး သစ်တော ပြုန်းတီးမှုများလည်း ဖြစ်ပေါ်နေသော ဒေသတစ်ခုဖြစ်သည်။
Source : Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment