WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Tuesday, September 13, 2011

ဖားကန့် မှော်နယ်မြေတွင် ရေကြီးမှုနှင့် မြေပြိုမှုမဖြစ်ပေါ်စေရန် ဥရုချောင်း တစ်လျှောက်အား ရှင်းလင်းဖယ်ရှား

ဖားကန့်မှော်နယ်မြေရှိ ဥရုချောင်းတစ်လျှောက် ရှင်းလင်းမှုလုပ်ငန်းများကို ဘက်ဟိုးယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိစဉ်

ဖားကန့် ရတနာမှော်နယ်မြေတွင် ဥရုချောင်းရေကြီးမှုနှင့် မြေပြိုမှုများ မဖြစ်ပေါ်စေရေး အတွက် လုံးခင်းအုပ်စု ဆန်ခါရွာမှ တာမခံဒေသထိ ဥရုချောင်းတစ်လျှောက် အား ဒေသ အာဏာပိုင်များနှင့် ကျောက်စိမ်းကုမ္ပဏီများ ပူးပေါင်း၍ ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

လုံးခင်းအုပ်စု ဆန်ခါရွာမှ တာမခံဒေသအထိ ဥရုချောင်းတစ်လျှောက် ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် လုံးခင်း-ဆန်ခါချောင်းဆုံမှလုံး ခင်းဘေလီတံတားအထိကုမ္ပဏီလေး ခု၊ လုံးခင်းဘေလီ တံတားမှ ပန်းတင် တံတားအထိ၊ ပန်းတင်တံတားမှ ဆန်းကြွယ်-မှော်တောင်းအထိ ကုမ္ပဏီလေးခု၊ ဆန်းကြွယ်-မှော်တောင်း မှ ဖားပြင်အထိ ကုမ္ပဏီသုံးခု၊ ဖားပြင်မှ နမ့်မှော်အထိ ကုမ္ပဏီခြောက်ခု၊ နမ့်မှော်မှ ဟောင်ပါးအထိ ကုမ္ပဏီ နှစ်ခု စုစုပေါင်းကုမ္ပဏီ ၂၆ ခုက လည်းကောင်း၊ ချောင်းလက်တက်များ ရှင်းလင်းရေးလုပ်ငန်းများကို ကုမ္ပဏီ ၂၈ ခုက လည်းကောင်း၊ လှေကားထစ် အဆင့် ဖော်ခြင်းလုပ်ငန်း များကို ကုမ္ပဏီ ၂၆ ခု စုစုပေါင်း ကုမ္ပဏီ ၈၀ က လုံးခင်း-ဖားကန့် ရတနာမြေတွင် ဥရုချောင်းရှင်းလင်း ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အပိုင်းလိုက် ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။


“မှော်ထဲမှာကိုယ် လုပ်ပြီးရင်ပြီးရောဆိုတဲ့ သဘောမျိုးမထားခဲ့ ပါဘူး။ မှော်သူ/သားတွေက အစစ အရာရာ အန္တရာယ်မရှိအောင် သက်ဆိုင်ရာနဲ့ တိုင်ပင်ပြီး လုပ်ပါတယ်။ မြေစာတွေကိုလည်း စည်းကမ်းမဲ့ မစွန့်ပစ်ပါဘူး။ သက်ဆိုင်ရာ စီစဉ် ပေးတဲ့နေရာမှာပဲ ပစ်ပါတယ်” ဟု မက်(စ်)မြန်မာကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

“ဒီနှစ်မိုးတွင်းလုံးခင်းမှာ ရေ အရမ်းကြီးမယ်လို့စိုးရိမ်နေကြတယ်။ အခုတော့ ဒေသ အာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေက ချောင်းတွေအားလုံး ကို ရှင်းလင်းပေးလို့ မိုးရွာရေကြီး ရင်လည်း စိုးရိမ်စရာမရှိပါဘူး။ သူ့ အိမ်ရှေ့ကိုယ့်အိမ်ရှေ့ ရေမြောင်းတွေလည်း တူးရတယ်။ ဥရုချောင်းကြမ်းပြင်က နိမ့်သွားတော့ ရွာထဲကရေတွေလည်း အကြာကြီး မနေတော့ဘူး။ ချောင်းထဲကိုပဲ စီးသွားတယ်”ဟု လုံးခင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Source : Eleven Media Group

No comments:

Post a Comment