WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Monday, September 26, 2011

ရှမ်းပြည်နယ်မှ ရဲတပ်ဖွဲ့များ၏ အခြေအနေ

ရှမ်းပြည်နယ် K.I.A ထိန်းချုပ်ရာ နယ်မြေ ကျေးရွာများမှ စစ်အာဏာရှင်အစိုးရရဲ့ ရဲတပ်ဖွဲ့ဝင်များမှာ ရဲစခန်းနှင့် ကျေးရွာများတွင် မအိပ်ရဲကြသည့်အတွက် တရုတ်ပြည်နယ်စပ်သို့ ညည ထွက်ပြေးသွားအိပ် နေကြရကြောင်း၊ ယင်းတို့ တရုတ်နယ်စပ်သို့ ဝင်လာတဲ့ ရဲများကိုလည်း တရုတ်နယ်စပ် ဂိတ်မှ လူဝင်မှု ကြီးကြပ်ရေးတို့က ပြန်လည် နှင်ထုတ်နေကြောင်း မျက်မြင်များမှ စုံစမ်းသိရှိရပါတယ်။ ထို့ကြောင့် အခုချိန်မှာ စစ်အာဏာရှင်အစိုးရရဲ့ ရှမ်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးအရ ဒုက္ခများနှင့် ရင်ဆိုင်နေ ရကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။
တဆက်တည်းမှာဘဲ မြန်မာနိုင်ငံ စစ်အစိုးရအာဏာရှင်များနှင့် K.I.A လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အခုချိန်တွင် (၃) လ ကျော်လာပြီ ဖြစ်ပါတယ်။ ဒီ (၃) လကျော်အတွင်းက တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ ထိခိုက်ကျဆုံးမှု များပြားနေတာကြောင့် စစ်အာဏာရှင် အစိုးရတို့မှာ ထင်ရာ ကြဲလာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြပါတယ်။ ယခုတလော ကြားနေရတဲ့ သတင်းအရဆိုရင် စစ်အာဏာရှင်အစိုးရတို့က K.I.A ကို အောက်လမ်း ဆရာများခေါ်ကာ အောက်လမ်းနည်းဖြင့်လည်း တိုက်ခိုက်နေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအရ စုံစမ်း သိရှိရပါတယ်။ အောက်လမ်းဆရာများ၏ ပြောဆိုချက်အရ သူတို့ အောက်လမ်း ပညာဖြင့် တိုက်ခိုက်ရာ မနိုင်ကြောင်း၊ ယင်းမနိုင်ရခြင်း၏ အကြောင်းရင်းမှာ K.I.A တို့၏ နောက်တွင် ဝတ်ရုံဖြူဝတ်တဲ့ လူတွေ အမြောက်အများ လိုက်ပါနေတာကြောင့် အောက်လမ်း ဆရာများမှာ ခုခံတိုက်ခိုက်နိုင်ခြင်း မရှိဟု ပြောဆိုနေကြပါတယ်။ “ခရစ်ယာန် ကျမ်းစာလာသည့် အတိုင်း သင့်ကို ကျိန်ဆဲသူကို ငါ ကျိန်ဆဲမည်။ သင့်ကို ကောင်းချီးပေးသူကို ငါ ကောင်းချီးပေးမည်” ဟု ဘုရားသခင်က မိန့်မှာ ထားပါတယ်။ ဒါကြောင့် သခင်ခရစ်တော်ကို ယုံကြည်လက်ခံသော သူတို့ကို မတရားသော နည်းဖြင့် တိုက်ခိုက်လို့မရပါဟု ပြောဆိုနေကြကြောင်း သိရှိရပါတယ်။
source from http://www.photayokeking.org/breaking-news/715-condition-of-shan-state

No comments:

Post a Comment